Posts

Showing posts from March, 2017

အသံမဲ့စကားတွေကိုကြားစေသူ

Image
[Zawgyi] Juan Pablo Bonet (သို့မဟုတ်) အသံမဲ့ စကားသံတွေကို ကြားစေသူ စပိန်ပညာရေး လောကမှာ ဆွံ့အ နားမကြားသူတွေအတွက် ကြားသိစေတဲ့ အသံတွေကို ဖန်တီးပေးသူ သင်ကြားပေးတဲ့ ထင်ရှားတဲ့ ပညာရေးရှေ့ဆောင် လမ်းပြတစ်ဦးပါ။ စပိန်မှာသာမက ကမ္ဘာတစ်လွှားမှာ သူ တီထွင်ခဲ့တဲ့ သင်္ကေတ ဘာသာစကားကို အခုထိတိုင် သုံးစွဲနေကြတာကို ဆွံ့အနားမကြား ကျောင်းတွေမှာ တွေ့မြင်နိုင်ပါတယ်။ သူ့အမည်က ဂျူအန်ပေဘလိုဘွန်နက်(Juan Pablo Bonet) ပါ။ ဂျူအန်ပေဘလိုဘွန်နက်(Juan Pablo Bonet) ကို ၁၅၇၃ ခုနှစ်မှာ မွေးဖွားပြီး ၁၆၃၃ ခုနှစ်မှာ သေဆုံးတယ်လို့ ယူဆရပါတယ်။ သူဟာ စပိန်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး ဆွံ့အနားမကြားသူများအတွက် သင်ကြားရေးမှာ မီးရှုးတန်ဆောင်လမ်းပြခဲ့သူပါ။ သူ့ရဲ့ ''ဆွံ့အနားမကြားသူများအား သင်ကြားရေးစာအုပ်'' ကို ၁၆၂၀ ခုနှစ် မက်ဒရစ်မှာ ထုတ်ဝေခဲ့ပါတယ်။ သူ့ကို ဇာရာဂိုဇာ ခေါ် အရဂွန်မှာ မွေးဖွားတာ ဖြစ်ပြီး ဖရေယာမြို့ရဲ့ (၅)ဦးမြောက် နယ်စားကြီး Juan Ferna´ndez de Velasco ရဲ့ အတွင်းဝန် ဖြစ်လာပါတယ်။ အဲ့ဒီတာဝန်ကို ထမ်းဆောင်နေစဉ် မြို့စားကြီးရဲ့ ဒုတိယသား ဆွံ့အနားမကြား သူငယ်လေးကို ပညာသင်ကြားပေးဖို့ကိုပါ တာဝန်ယူခဲ့ရပါတယ်။ အဲ့ဒီကာလက...