အသံမဲ့စကားတွေကိုကြားစေသူ
[Zawgyi]
တင်ပြသူ<<<Thant Zin Win>>>
အကိုးအကား-----Academic Weekly
[Unicode]
Juan Pablo Bonet (သို့မဟုတ်)
အသံမဲ့ စကားသံတွေကို ကြားစေသူ
စပိန်ပညာရေး လောကမှာ ဆွံ့အ နားမကြားသူတွေအတွက် ကြားသိစေတဲ့ အသံတွေကို ဖန်တီးပေးသူ သင်ကြားပေးတဲ့ ထင်ရှားတဲ့ ပညာရေးရှေ့ဆောင် လမ်းပြတစ်ဦးပါ။ စပိန်မှာသာမက ကမ္ဘာတစ်လွှားမှာ သူ တီထွင်ခဲ့တဲ့ သငေ်္ကတ ဘာသာစကားကို အခုထိတိုင် သုံးစွဲနေကြတာကို ဆွံ့အနားမကြား ကျောင်းတွေမှာ တွေ့မြင်နိုင်ပါတယ်။ သူ့အမည်က ဂျူအန်ပေဘလိုဘွန်နက်(Juan Pablo Bonet) ပါ။
ဂျူအန်ပေဘလိုဘွန်နက်(Juan Pablo Bonet) ကို ၁၅၇၃ ခုနှစ်မှာ မွေးဖွားပြီး ၁၆၃၃ ခုနှစ်မှာ သေဆုံးတယ်လို့ ယူဆရပါတယ်။ သူဟာ စပိန်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး ဆွံ့အနားမကြားသူများအတွက် သင်ကြားရေးမှာ မီးရှုးတန်ဆောင်လမ်းပြခဲ့သူပါ။ သူ့ရဲ့ ''ဆွံ့အနားမကြားသူများအား သင်ကြားရေးစာအုပ်'' ကို ၁၆၂၀ ခုနှစ် မက်ဒရစ်မှာ ထုတ်ဝေခဲ့ပါတယ်။
သူ့ကို ဇာရာဂိုဇာ ခေါ် အရဂွန်မှာ မွေးဖွားတာ ဖြစ်ပြီး ဖရေယာမြို့ရဲ့ (၅)ဦးမြောက် နယ်စားကြီး Juan Ferna´ndez de Velasco ရဲ့ အတွင်းဝန် ဖြစ်လာပါတယ်။ အဲ့ဒီတာဝန်ကို ထမ်းဆောင်နေစဉ် မြို့စားကြီးရဲ့ ဒုတိယသား ဆွံ့အနားမကြား သူငယ်လေးကို ပညာသင်ကြားပေးဖို့ကိုပါ တာဝန်ယူခဲ့ရပါတယ်။ အဲ့ဒီကာလက ချမ်းသာပြီး ဂုဏ်သရေရှိ လူတန်းစားတွေမှာ ဆွံ့အနားမကြားကလေးငယ်တွေ မွေးဖွားလာတာလည်း အများအပြား ရှိနေပါတယ်။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို အမွေဆက်ခံနိုင်ဖို့ အတွက် ပညာတတ်မြောက်ဖို့ အရေးကြီးသလို အဲ့ဒီအထဲမှာ စာပေလေ့ကျက် တတ်မြောက်ခြင်းလည်း ပါဝင်ပါတယ်။
ခေတ်သစ် စာပေသင်ကြားမှု နယ်ပယ်မှာ Juan Pablo Bonet ဟာ ကိုယ်ဟန်အမူအရာပြ ဘာသာစကားကို အကောင်းမွန်ဆုံး တီထွင်သင်ကြားပေးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၁၇) ရာစုက Juan Pablo Bonet က စတင်သင်ကြားပေးခဲ့ခြင်းပါ။ ၁၆၂၀ ခုနှစ်မှာတော့ Juan Pablo Bonet[m Reduccio´n de las letras y arte paraensenar a hablar a los mudos(အင်္ဂလိပ်လို-''Summary of the letters and the art of teaching speech to the mute'')(မြန်မာလို-တိတ်ဆိတ် စကားသံများကို သင်ကြားခြင်း အနုပညာ အကျဉ်း) စာအုပ်ကို မက်ဒရစ်မြို့မှာ ထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီစာအုပ်ဟာ ဆွံ့အ နားမကြား ပုဂ္ဂိုလ်များ အလွယ်တကူ သင်ယူတတ်မြောက်စေအောင် ပညာပေးခဲ့တဲ့ ခေတ်မီတဲ့ စာအုပ်တစ်အုပ် ဖြစ်ကြောင်း ယနေ့ထက်တိုင် အသိအမှတ် ပြုနေရဆဲ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ အက္ခရာစကားလုံးတွေရဲ့ သငေ်္ကတကို အပြည့်စုံဆုံး ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စတင်ရေးသားချိန်ကတော့ စပိန်နိုင်ငံက ဆွံ့အနားမကြားသူများအတွက် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
သို့ပေမဲ့ အခုအချိန်အထိ ကမ္ဘာ့ ဘာသာပေါင်းစုံက အဲ့ဒီအခြေခံကို ယူပြီး မိမိတို့ ဘာသာစကားနဲ့ ဆက်စပ်ပြီး ပြုပြင်ရေးသား သင်ကြားပေးနေတာတွေ ရှိပါတယ်။ ဥပမာ-Spanish Sign Language, French Sign Language, American Sign Language စသည်ဖြင့် ပေါင်းစပ်သင်ကြားပေးနိုင်တဲ့ နည်းတွေ ဆင့်ပွားတီထွင်လာခဲ့ပါတယ်။
တင်ပြသူ<<<Thant Zin Win>>>
Comments
Post a Comment